(င)(ည)(န)(မ) စာလုံး (လေး) လုံး၏ထူးခြားချက် (ငါး) ရပ်
===================================
(ပြီး) (ကတ်) (ပျာယ်) (တေ) (ရေ) ဆောင်းပါးတွင် အင်တန်ချေလောက် အကျယ်ကို ယှင်းပြပြီးဖြစ်သည်။ သို့သော်လည်း ရခိုင်အမျိုးသားနိတခုတည်းကိုပင် တတိုင်က (နိ) တတိုင်က (နိန့်) ။ ရခိုင်သင်ရိုးမှာလည်း (မီး) ကို (မိန်း) ဟု စာလုံးပေါင်းထားသည်ကိုတွိမြင်နီရသဖြင့် အေပိုင်ယှောင် ပျင်းဖို့ကောင်းရေ သဒ္ဒါဆောင်းပါး သတ်ပုံဆောင်းပါးကို ရွီးဖို့ကျပါလတ်တေ။ နှုတ်တရာ စာတလုံး ထိုကဗျာအောက်မှာ လိုက်ပြော။ ဒေပို့စ်အောက်မှာ လိုက်ပြော အာညောင်းစွာရာ အဖတ်တင်ရေ။ အရာမရောက်။
က၊ ခ၊ ဂ၊ ဃ၊ (င)
စ၊ ဆ၊ ဇ၊ စ်၊ (ည)
တ၊ ထ၊ ဒ၊ ဓ၊ (န)
ပ၊ ဖ၊ ဗ၊ ဘ၊ (မ)
(င) (ည) (န) (မ) စာလုံးလေးလုံးကို သံရှည်သံပွားအသတ်ဟုခေါ်ပါသည်။ အကြောင်းမှာ သုံးသံပွား၍ရသောကြောင့်ဖြစ်သည်။
(ကင်) (ကင့်) (ကင်း)
(တည်) (တည့်) (တည်း)
(ကန်) (ကန့်) (ကန်း)
(သိမ်) (သိမ့်) (သိမ်း)
သုံးသံပွား၍ ရသောကြောင့်ဖြစ်သည်။
ထူးခြားချက် (၁)။ (ရေ) သံထွက်ခြင်း။
=======================
ရခိုင်စာပီတွင် ၀ါကျတကြောင်း၏အဆုံးတွင် (တေ) သို့မဟုတ် (ရေ) နှင့် အဆုံးသတ်သည်ကို လူတိုင်းသိပြီးဖြစ်ပါသည်။ သို့သော် မည်သည့်ဝါကျမျိုးတွင် (ရေ) ဖြင့်အဆုံးသတ်သည်ကို အတိအကျသိသူ အလွန်ယှားပါလိမ့်မည်။ အလွယ်ဆုံးနှင့် အယှင်းဆုံးကိုပြောရလျှင် အထက်တွင် ဖော်ပြခသော (င)(ည)(န)(မ) သံရှည်သံပွားအသတ်နှင့်ဆုံးသော ၀ါကျတိုင်းတွင် (ရေ) နှင့်အဆုံးသတ်သည်ကို အတိအကျပြောဆိုနိုင်ပါသည်။
မှတ်ချက်။ ။ သရများနှင့် အဆုံးသတ်သော ၀ါကျတိုင်းတွင်လည်း (ရေ) နှင့်ဆုံးပါသည်။
ဥပမာ။ ။
ခင်ရေ၊ မင်ရေ။ ခင်မင်ရေ။ လမ်းခင်းရေ။ ၀မ်းတင်းရေ။
ဘုရားတည်ရေ။ တည်းခိုခန်းမှာ တည်းရေ။
အ၀တ်လှန်းရေ။ ပင်ပန်းရေ။
ကြမ်းရေ။ ခြီလှမ်းလှမ်းရေ။
ထူးခြားချက် (၂)။ (ပြီး) ကို (ဗြီး) ဟု အသံထွက်ခြင်း။
================================
မြင်ပြီးယာလား။ ထမင်းအိုး တည်ပြီးယာလား။ အ၀တ်လှန်းပြီးယာလား။ သူခိုးဖမ်းပြီးယာလား။
အားလုံး (ဗြီး) သံထွက်သည်ကို သတိပြုမိပါလိမ့်မည်။
ထူးခြားချက် (၃)။ (ပျာယ်) ကို (ဗျာယ်) သံထွက်ခြင်း။
========================
(င)(ည) (န) (မ) ၏ ထူးခြားချက် နောက်တခုမှာ (င)(ည) (န) (မ) သံရှည်သံပွားအသတ်နှင့် အဆုံးသတ်သော ၀ါဒကျတိုင်းတွင် (ပျာယ်) ကို (ဗျာယ်) သံထွက်ပါသည်။
ဥပမာ။ ။
မမြင်ဗျာယ်။ မတည်းဗျာယ်။ မဆန်းဗျာယ်။ မနမ်းဗျာယ်။
အားလုံး (ဗျာယ်) သံထွက်သည်ကို သတိပြုမိပါလိမ့်မည်။
ထူးခြားချက် (၄)။ (ကတ်) ကို (ဂတ်) ဟု အသံထွက်ခြင်း။
==================================
မခင်ကတ်။ မမြင်ကတ်။ မတည့်ကတ်။ ကျေးဇူးမကန်းကတ်ကဲ့။ မစမ်းကတ်ကဲ့။
အထက်ပါဝါကျများတွင် အားလုံး (ဂတ်) သံထွက်သည်ကို သတိထားမိပါလိမ့်မည်။
ထူခြားချက် (၅)။ (ငွိ) (ညိ) (နိ) (မိ)
=====================
သံရှည်သံပွားအသတ်များတွင် (ပွတ်တင် လုံးတိတင်) သောအခါ
(ငွိ) ကို (ငွိမ့်) ဟု အသံထွက်ပါသည်။
(ညိ) ကို (ညိမ့်) ဟု အသံထွက်ပါသည်။
(နိ) ကို (နိန့်) ဟု အသံထွက်ပါသည်။
(မိ) ကို (မိန့်) ဟု အသံထွက်ခြင်းပင်ဖြစ်သည်။
(ဆံခတ်) သောအခါ
(ညီ) ကို (ညိန်) ဟု အသံထွက်ပါသည်။
(နီ) ကို (နိန်) ဟု အသံထွက်ပါသည်။
(မှီ) ကို (မှိန်) ဟု အသံထွက်ပါသည်။
(ဆံခတ် ၀စ္စပေါက်) လိုက်သောအခါ
(ညီး) ကို (ညိမ်း) ဟု အသံထွက်ပါသည်။
(နီး) ကို (နိမ်း) ဟု အသံထွက်ပါသည်။
(မီး) ကို (မိန်း) ဟု အသံထွက်ပါသည်။
ထူးခြားချက် (၁)(၂)(၃)(၄)(၅) ငါးရပ်စလုံးမှာ တရားသီ၊ ပုံသီဖြစ်၍ တရားသီ ပုံသီနည်းတခုအဖြစ် မှတ်သားအပ်သည်။ ပြောင်းလဲခြင်းမဟိပါ။
ထို့ကြောင့်
(နိ) ကို (နိ) ဟုသာလျှင် စာလုံးပေါင်းအပ်သည်။ (နိန့်) ဟု စာလုံးမပေါင်းအပ်။
(နီ) ကို (နီ) ဟုသာလျှင် စာလုံးပေါင်းအပ်သည်။ (နိန်) ဟု စာလုံးမပေါင်းအပ်။
(မီး) ကို (မီး) ဟုသာလျှင် စာလုံးပေါင်းအပ်သည်။ (မိန်း) ဟု စာလုံးမပေါင်းအပ်။
(နိန်) (နိန့်) (မိန်း) အဆိုပါသတ်ပုံများမှာ အသံကိုလိုက်၍ စာလုံးပေါင်းခြင်းဖြစ်သည်။ သတ်ပုံမှန်ဟု မဆိုအပ်။
သင်ရိုးတွင် (မိန်း) ဟုဖြစ်နီပါသဖြင့် (မီး) ဟု ပြုပျင်သင့်ပါကြောင်း။ ရခိုင်စာပီကို ဖော်ထုတ်ဖို့ ကြိုးပန်းလုံးပန်းအားထုတ်နီသူများမှာလည်း ဦးဆောင်ဦးရွက်စံပြုထိုက်သူများသာလျှင်ဖြစ်သင့်ကြောင့်။ အမှားနောက်လိုက် မဖြစ်သင့်ကြောင်းတင်ပြယင်း (င)(ည)(န)(မ) သံရှည်သံပွားအသတ်စာလုံး (လေး) လုံး၏ထူးခြားသော ၀ိသေသ (ငါး) ရပ် ဆောင်းပါးတိုအား ဤတွင် အဆုံးသတ်အပ်ပါသည်။
(သာလှဦး)
အောက်တိုဘာလ (၂၅) ရက် တလင်္ဂုနီနိ။ ၂၀၁၅။
No comments:
Post a Comment