==============================
အရှိဖက်၌ မြန်မာဖက်ခွက်စစ်တပ်က (၄) လတာ အပစ်အခတ်ရပ်စဲထားသည်။ ထိုကာလ၌ ရခိုင့်တပ်မတော် (AA) က အနောက်ဖက်စစ်မျက်နှာကို ဖွင့်လှစ်ခြင်းသည် စစ်ရေးအမြင် မှားယွင်းခြင်းဖြစ်သည်။ မြန်မာစစ်တပ်သည် နှစ်ပေါင်း(၇၀) အတွိအကြုံရင့်ကျက်သော စစ်တပ်တတပ်ဖြစ်သည်။ ရန်သူကို အထင်မသေးသင့်။ မြန်မာစစ်တပ်သည် (၄) လတာ အရှိဖက်တွင် အပစ်အခတ်ရပ်စဲထားသော်လည်း အငြိမ်နီသည်မဟုတ် ပြန်လည်ထိုးစစ်အတွက် စစ်စခန်းသစ်များကို (TNLA) ဒေသတွင် တည်ဆောက်နီသည်။ နောက်ထပ်လာမည့်တိုက်ပွဲအတွက် ကြိုတင်ပျင်ဆင်ထားသည်။ အရှိဖက်၌ စစ်မျက်နှာရပ်စဲထားချိန်တွင် အနောက်ဖက်စစ်မျက်နှာကိုဖွင့်လှစ်ခြင်းသည် ရန်သူကို အလုံးအရင်းဖြင့် ရခိုင်ဒေသသို့ လား၍ဖိတ်ခေါ်သည်နှင့်တူသည်။ (တရုတ်ကဖိ၊ သျှမ်းကအိ၊ ဟိသည့်ဗမာ၊ အနောက်မှာ) စကားပုံသည် အမှန်အကန်ဖြစ်လာသည်။
ရခိုင်သားများလုပ်သင့်သည်မှာ (အိန္ဒိယ၊ ရခိုင်၊ ဘင်္ဂလားဒေခ်ျ့) တြိဂံဒေသတွင် အမာခံလွတ်မြောက်နီမြီတည်ဆောက်ရေးစီမံကိန်းကို တစိုက်မတ်မတ်လုပ်ဆောင် အကောင်အထည်ဖော်ရမည်ဖြစ်သည်။ ယခုအချိန်တွင် မြို့တွင်းမြို့ပြင်ထိုးစစ်ဆင်မှုကို လုံးဝမပြုလုပ်သင့်။ ယှောင်ကွင်းသင့်သည်။ လွတ်မြောက်နီမြီ တလက်မတောင် မတည်ဆောက်နိုင်ဘဲ (Confederation) ကို ကျွီးအော်ခြင်းသည် ရခိုင်ခေါင်းဆောင်ကြီးများ၏ဦးဏှောက်မဲ့သော မိုက်မဲခြင်း၊ မိုက်ရုးရဲဆန်ခြင်းဖြစ်သည်။ လူရယ်စရာလည်းဖြစ်သည်။ ရန်သူအတွက် တိုက်ကွက်လည်းဖြစ်သည်။ နိုင်ငံရေးအားဖြင့် အခြားတိုင်းရင်းသားများနည်းတူ (Federation) လမ်းကြောင်းက လားသင့်သည်။ စစ်ရေးလမ်းစဉ်ထက် စေ့စပ်ရေးလမ်းစဉ်ကို အဓိက ဦးစားပီးရမည်ဖြစ်သည်။ ကြားကလတွင် အိန္ဒိယ၊ ဘင်္ဂလားဒေခ်ျ့၊ တရုပ်အစိုးရများနှင့် မဟာမိတ်ဆက်ဆံရေးကို ပြင်းပြင်းထန်ထန်တည်ဆောက်ရမည်။ ဘင်္ဂလားဒေခ်ျအစိုးရနှင့် နားလည်မှုယူ၍ တရုတ်ရီတပ်၏အကူအညီဖြင့် လက်နက်ထောက်ပံ့ရေးလမ်းကြောင်းကို ဖွင့်လှစ်နိုင်ရမည်။ အိန္ဒိယအစိုးရနှင့်လည်း မဟာမိတ်ကိုတည်ဆောက်ထားရမည်။ အကယ်၍များ အိန္ဒိယအစိုးရနှင့် မဟာမိတ်ကို မတည်ဆောက်နိုင်လျှင်လည်း အနည်းဆုံး (မိတ်လည်းမဟုတ်၊ ရန်သူလည်းမဟုတ်) သော အနီအထားကို တည်ဆောက်ထားရမည်။
(Chess) ကစပ်ရာတွင် (ထိုးစစ်လည်းမဟုတ်၊ ခံစစ်လည်းမဟုတ်) ကြားကာလတွင် (Tempo) ကို (Calculate) ရွီတွက်ထားနိုင်ရမည်။ ဆိုလိုသည်မှာ မလိုအပ်ပဲ အကွက်ရွှိခြင်းသည် အချိန်ကိုဖြုန်းတီးခြင်းဖြစ်သည်။ (Tempo) ယှုံးလျှင် ကိုယ်က ထိုးစစ်မဆင်နိုင်တော့ဘဲ ရန်သူထိုးစစ်ကိုခံရလျှက် နောက်ဘိတ်ဆုံးတွင် အယှုံးနှင့်ရင်ဆိုင်ရတတ်သည်။ ရခိုင့်တပ်တော်၏ယခုကာလ စစ်ဆင်ရေးသည် (Tempo) ကို ဖြုန်းတီးခြင်းဖြစ်သည်။ စစ်ဆင်ရေးများကို စစ်ရေးလေ့ကျင့်သည်အဆင့်ထက်ကျော်လွန်၍ တိုက်ပွဲအသျှိန်အဟုန်ကို မမြှင့်တင်သင့်ပါ။ လွတ်မြောက်နီမြီတည်ဆောက်ရေးကိုသာ တစိုက်မတ်မတ်လုပ်ဆောင်သင့်သည်။ အကယ်၍များ မိမိရို့၏အမာခံတည်ဆောက်နီမြီထဲသို့ မြန်မာဖက်ခွက်တပ်များကသော်လည်းကောင်း အပေါင်းပါရခိုင်သားရဲသားများကသော်လည်းကောင်း ပူးပေါင်းစစ်ဆင်လာခဲ့သည်ဟိသော် သစ္စာဖောက်ရခိုင်သားရဲများအပါအ၀င် မြန်မာဖက်ခွက်များကို အစတုန်းခြီမှုန်းသုတ်သင်ပစ်ကတ်ရမည်ဖြစ်သည်။
တနိုင်ငံလုံး (၄) လတာ အပစ်အခတ်ရပ်စဲသည်ကို ကြေငြာပြီး ရခိုင်ဒေသကို ချန်လှပ်ထားခသည်မှာ မြန်မာဖက်ခွက်များသည် ရခိုင်ဒေသကို အကယ်အမှန် ငြိမ်းချမ်းစီချင်၍မဟုတ် ရခိုင်ဒေသကို တမင်သက်သက် အကွက်ဆင်၍ ဆူပူမှုကို ဖန်တီးခြင်းဖြစ်သည်။ မြန်မာဖက်ခွက်များ၏သတ်ကွင်းထဲသို့ (AA) ၀င်ရောက်လာရခြင်းမှာ စစ်ရေးအတွိအကြုံနည်းပါးခြင်းကြောင့်ဖြစ်သည်။ မြန်မာဖက်ခွက်များ၏သတ်ကွင်းထဲသို့ (AA) ၀င်ရောက်လာခြင်းသည် မြန်မာဖက်ခွက်များ၏အလိုချင်ဆုံးသော ထောင်ချောက်ဖြစ်သည်။ (AA) အနေဖြင့် ရခိုင်ပြည်ကို အမှန်အကန်သိမ်းပိုက်လိုသည်ဟိသော် အနောက်ဖက်က စစ်ဆင်၍ မရ။ အရှိဖက်ကသာ စစ်ဆင်ရမည်။ မြောက်ပိုင်းမဟာမိတ်များနှင့် ပူးပေါင်း၍ မန္တလေး၊ မေမြို့ကို အလျင်ဦးဆုံးသိမ်းပိုက်နိုင်ရမည်။ ထိုမှတဆင့်တက်၍ ရန်ကုန်ကို သိမ်းပစ်ရမည်။ ပြီးမှသာလျှင် စစ်တွေ ရခိုင်ပြည်တခုလုံးကို အပြီးပိုင် သိမ်းပစ်နိုင်မည်ဖြစ်သည်။
ထိုကဲ့သို့ ဗျူဟာမြောက်စစ်ဆင်ရေးကို တရုတ်မပါဘဲမဖြစ်နိုင်။ မြစ်ဆုံစီမံကိန်းကြောင့် တရုတ်မြန်မာတင်းမာမှုသည် တရုတ်မြန်မာစစ်ပွဲကို ဦးတည်လာပါလိမ့်မည်။ ထိုအခါ တရုတ်စစ်တပ်နှင့်ပူးပေါင်း၍ (မေမြို့၊ မန္တလေး၊ ရန်ကုန်) မြို့ကြီးများကို အလွယ်တကူ သိမ်းပိုက်နိုင်မည်ဖြစ်သည်။ (ICC) ကို မျှော်ကိုးခြင်းသည် ဆတ်သားလှီးရာတွင် ခွီးမျှော်စပ်သကဲ့သို့ဖြစ်သည်။ ရခိုင်စကားပုံတွင် (ဆတ်လှီးကို ခွီးမျှော်မျှော်) လို့ဆိုသည်မှာ ထိုအဓိပ္ပါယ်ဖြစ်သည်။ ရခိုင်ကျောက်ရိုးရာဇ၀င်မှာပါဟိသော မြန်မာပြည်ကို တရုတ်သုံးနှစ်စိုးပြီး ရခိုင်ပြည်ကို လွတ်လပ်ရေးပီးထားခမည်ဆိုသည်မှာ အမှန်အကန်ဖြစ်သည်။